စစ်ကြို​​ခေတ် အနုပညာထူးချွန်​ပြောင်​မြောက်သည့် မင်းသမီးကြီးမ​မေခင်

   စစ်ကြိုခေတ်မြန်မာရုပ်ရှင်လောကတွင် မသိသူရယ်လို့မရှိ ယနေ့တိုင် နာမည်ကြီးလှသော ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်အကြောင်းတစိတ်တဒေသနှင့် ကွယ်လွန်ခြင်း (၁၃)နှစ်ပြည့် လွမ်းဆွတ်သတိရတမ်းတစာ






ရုပ်ရှင် မင်းသမီးဖြစ်လာမည့် ဒေါ်မေရှင်ကို အင်္ဂလိပ်နှစ် ၁၉၁၇ မတ်လ ၁၀ရက်နေ့တွင် မန္တလေးမြို့ အရှေ့ပြင် အောင်တော်မူရပ်မှာ အဖ ဦးခင်လေး၊အမိ ဒေါ်ဖွားရှန် တို့ကဖွားသန့်စင်ခဲ့ပါတယ်။အမည်ရင်းမှာ မသန်းရှင်ဖြစ်သည်။
ငယ်စဥ်ကပင် မိသားစုထဲတွင် အနုပညာဝါသနာပါလာခဲ့သည်ဟုပင်ဆိုရမည်။ အေဝမ်းဖလင်မှ မေသန်း၏ဇာတ်ကားများကြည့်ကာ အားကျခဲ့ပြီး မင်းသမီးဖြစ်ချင်သည်အထိစိတ်ကူးခဲ့ပေသည်။ သို့သော် အလွယ်တကူမဖြစ်ခဲ့ပါ။ အေဝမ်းတွင်မင်းသမီးသစ်အလိုရှိကြောင်း ကြော်ငြာသောအခါ မေရှင်သည် လျှောက်လွှာတင်တော့သည်။ကံအကြောင်းသင့်စွာ မင်းသမီးသစ်လူခေါ်စာရင်းတွင် မရှင်ပါလေသည်။ မိဘများကသဘောမတူဘဲပြောဆိုခြင်းခံရသည်။ မကြာမီမှ ကုမ္ပဏီမှတာဝန်ရှိသူများရောက်လာကာ ဘာမှစိတ်မပူပါနဲ့ကျမတို့သူဌေးသားသမီးတွေကိုယ်တိုင်အုပ်ချုပ်တာပါ၊ရေကြည်တပေါက်မစွန်းစေရပါဘူး အာမခံကတိပေးကာမှ မိဘများက ကြည်ဖြူစွာ ထည့်ပေးလိုက်တော့သည်။






အေဝမ်းရုပ်ရှင်တွင် မရှင်ပထမဆုံးရိုက်သည့်ဘိုင်စကုပ်မှာ ဖူးစာရှင်(သံစုံသွင်း)ကားဖြစ်ပြီး ဇာတ်လိုက်ချစ်ရွှေကြီးနှင့်တွဲရိုက်သည်။
ထို့နောက် မောင့်ဝိဉာဏ်(ဇာတ်လိုက် ဘမြင့်)၊မိန်ရာသီ(ဇာတ်လိုက်ဘမြင့်)၊ မြှားနတ်မောင်(မောင်တင်မောင်)၊ ချစ်အမျှ(မောင်တင်မောင်)၊ချစ်ရေစင်(မောင်တင်မောင်)၊ စောင်းတော်ရှင်(ပြည်လှဖေ) ကားတို့ဖြစ်ကာ စစ်ကြိုခေတ်တွင် ဇာတ်ကား ၇ကားရိုက်ကူးခဲ့ပါသည်။ ယနေ့အချိန်တွင်စစ်ကြိုခေတ်က ရိုက်ကူးခဲ့သမျှ ကျန်ရှိသောကားများကတော့ ချစ်ရေစင်၊စောင်းတော်ရှင် ကားနှစ်ကားသာဖြစ်သည်။ စစ်ပြီးခေတ်တွင် ပထမဆုံးရိုက်သည့်ကားမှာ ချိန်တန်ပြီ(မောင်တင်မောင်၊မေသစ်)တို့နှင့်ဖြစ်သည်။ ထို့နောက် ဇာတ်ကားများမရိုက်ဖြစ်တော့ဘဲ မြန်မာ့အသံတွင် အသံလွှင့်အနောင်ဇာအဖြစ် ၇နှစ်မျှလုပ်ကိုင်ခဲ့သည်။ ဆက်လက်ရိုက်ကူးသောကားများမှာ ထား၊သစ္စာရှင်၊မေ့တွက်တာ၊ချစ်ညီမ တို့ဖြစ်ပြီး နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ မေတ္တာမွန် ဇာတ်ကားဖြစ်သည်။ မေရှင်သည် ဇာတ်ကားများတွင် သရုပ်ဆောင်သည်သာမက ဓာတ်ပြားများလည်း သီဆိုသီချင်းသွင်းခဲ့သူလည်းဖြစ်သည်။ မေရှင်၏အသံကို ကရုဏာသံဟုတင်စားသတ်မှတ်ကြသည်၊လေချိုနုအေးဖြင့်သီချင်းဆိုတတ်ပြီး အသံမှာပါးသည်ဆိုသော်လည်း နားစွဲလှသည်။ ယနေ့တိုင်နားစွဲသော မရှင်၏ ဓာတ်ပြားသီချင်းများမှာ ချစ်ရေစင်၊ချစ်မှာလား၊ရှေးရေစက်၊ရှေးကုသိုလ်၊ကျောင်းပိတ်ရက်၊သက်ဝေ၊ပျို့မှာတမ်း၊မဲဇာမြိုင်၊ရွှေပြောင်ပြောင်၊ရွှေအင်းဝ၊ပါရမီတော်၊တေမိယ၊မြတ်လေးငုံစသည့်သီချင်းများဖြစ်သည်။






မေရှင်သည် အကယ်ဒမီဆုမရခဲ့သော်ငြား အကယ်ဒမီဆုရသည်ထက် သာလွန်ကောင်းမွန်သည်မှာ အထူးပြောရန်မလိုပါ။
ဒေါ်မေရှင်၏အနုပညာကိုချီးမြှင့်သည့်အနေဖြင့် နိုင်ငံတော်က ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ထိုဘွဲ့အား မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား လှူဒါန်းခဲ့သည်မှာ လေးစားဖွယ်ဖြစ်သည်။ အနုပညာဝါသနာထုံခဲ့သော မင်းသမီးကြီး ဒေါ်မေရှင်ကား သူမချစ်သော အနုပညာနှင့် ပရိသတ်များကို ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ အသက် ၉၃နှစ်အရွယ်တွင် သူမဇာတိဖြစ်သော မန္တလေးမှာပင် အပြီးတိုင်နှုတ်ဆက်ခေါင်းချသွားခဲ့ပါသည်။ ဒေါ်မေရှင်ကွယ်လွန်သည်မှာ ၁၃ နှစ်မျှရှိပြီဖြစ်သော်လည်း သူမကိုချစ်သော ပရိသတ်များက ယနေ့တိုင်အမှတ်ရနေဆဲဖြစ်သည်။ အနုပညာပါရမီရှင် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်ကို လေးညွတ်ဦးခိုက်ရင်း ဤစာအား အဆုံးသတ်လိုက်ပါသည်။ #CRDKoPaingZinOo #နော်ဂဲလယ်ထူး (စာပေပရဟိတ






စစ်ကြိုခေတ်မြန်မာရုပ်ရှင်လောကတွင် မသိသူရယ်လို့မရှိ ယနေ့တိုင် နာမည်ကြီးလှသော ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်အကြောင်းတစိတ်တဒေသနှင့် ကွယ်လွန်ခြင်း (၁၃)နှစ်ပြည့် လွမ်းဆွတ်သတိရတမ်းတစာ

ရုပ်ရှင် မင်းသမီးဖြစ်လာမည့် ဒေါ်မေရှင်ကို အင်္ဂလိပ်နှစ် ၁၉၁၇ မတ်လ ၁၀ရက်နေ့တွင် မန္တလေးမြို့ အရှေ့ပြင် အောင်တော်မူရပ်မှာ အဖ ဦးခင်လေး၊အမိ ဒေါ်ဖွားရှန် တို့ကဖွားသန့်စင်ခဲ့ပါတယ်။အမည်ရင်းမှာ မသန်းရှင်ဖြစ်သည်။

ငယ်စဥ်ကပင် မိသားစုထဲတွင် အနုပညာဝါသနာပါလာခဲ့သည်ဟုပင်ဆိုရမည်။ အေဝမ်းဖလင်မှ မေသန်း၏ဇာတ်ကားများကြည့်ကာ အားကျခဲ့ပြီး မင်းသမီးဖြစ်ချင်သည်အထိစိတ်ကူးခဲ့ပေသည်။

သို့သော် အလွယ်တကူမဖြစ်ခဲ့ပါ။ အေဝမ်းတွင်မင်းသမီးသစ်အလိုရှိကြောင်း ကြော်ငြာသောအခါ မေရှင်သည် လျှောက်လွှာတင်တော့သည်။ကံအကြောင်းသင့်စွာ မင်းသမီးသစ်လူခေါ်စာရင်းတွင် မရှင်ပါလေသည်။

 မိဘများကသဘောမတူဘဲပြောဆိုခြင်းခံရသည်။ မကြာမီမှ ကုမ္ပဏီမှတာဝန်ရှိသူများရောက်လာကာ ဘာမှစိတ်မပူပါနဲ့ကျမတို့သူဌေးသားသမီးတွေကိုယ်တိုင်အုပ်ချုပ်တာပါ၊ရေကြည်တပေါက်မစွန်းစေရပါဘူး အာမခံကတိပေးကာမှ မိဘများက ကြည်ဖြူစွာ ထည့်ပေးလိုက်တော့သည်။

အေဝမ်းရုပ်ရှင်တွင် မရှင်ပထမဆုံးရိုက်သည့်ဘိုင်စကုပ်မှာ ဖူးစာရှင်(သံစုံသွင်း)ကားဖြစ်ပြီး ဇာတ်လိုက်ချစ်ရွှေကြီးနှင့်တွဲရိုက်သည်။

ထို့နောက် မောင့်ဝိဉာဏ်(ဇာတ်လိုက် ဘမြင့်)၊မိန်ရာသီ(ဇာတ်လိုက်ဘမြင့်)၊ မြှားနတ်မောင်(မောင်တင်မောင်)၊ ချစ်အမျှ(မောင်တင်မောင်)၊ချစ်ရေစင်(မောင်တင်မောင်)၊ စောင်းတော်ရှင်(ပြည်လှဖေ) ကားတို့ဖြစ်ကာ စစ်ကြိုခေတ်တွင် ဇာတ်ကား ၇ကားရိုက်ကူးခဲ့ပါသည်။

 ယနေ့အချိန်တွင်စစ်ကြိုခေတ်က ရိုက်ကူးခဲ့သမျှ ကျန်ရှိသောကားများကတော့ ချစ်ရေစင်၊စောင်းတော်ရှင် ကားနှစ်ကားသာဖြစ်သည်။

စစ်ပြီးခေတ်တွင် ပထမဆုံးရိုက်သည့်ကားမှာ ချိန်တန်ပြီ(မောင်တင်မောင်၊မေသစ်)တို့နှင့်ဖြစ်သည်။
ထို့နောက် ဇာတ်ကားများမရိုက်ဖြစ်တော့ဘဲ မြန်မာ့အသံတွင် အသံလွှင့်အနောင်ဇာအဖြစ် ၇နှစ်မျှလုပ်ကိုင်ခဲ့သည်။

 ဆက်လက်ရိုက်ကူးသောကားများမှာ ထား၊သစ္စာရှင်၊မေ့တွက်တာ၊ချစ်ညီမ တို့ဖြစ်ပြီး နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ မေတ္တာမွန် ဇာတ်ကားဖြစ်သည်။

မေရှင်သည် ဇာတ်ကားများတွင် သရုပ်ဆောင်သည်သာမက ဓာတ်ပြားများလည်း သီဆိုသီချင်းသွင်းခဲ့သူလည်းဖြစ်သည်။

 မေရှင်၏အသံကို ကရုဏာသံဟုတင်စားသတ်မှတ်ကြသည်၊လေချိုနုအေးဖြင့်သီချင်းဆိုတတ်ပြီး အသံမှာပါးသည်ဆိုသော်လည်း နားစွဲလှသည်။

ယနေ့တိုင်နားစွဲသော မရှင်၏ ဓာတ်ပြားသီချင်းများမှာ ချစ်ရေစင်၊ချစ်မှာလား၊ရှေးရေစက်၊ရှေးကုသိုလ်၊ကျောင်းပိတ်ရက်၊သက်ဝေ၊ပျို့မှာတမ်း၊မဲဇာမြိုင်၊ရွှေပြောင်ပြောင်၊ရွှေအင်းဝ၊ပါရမီတော်၊တေမိယ၊မြတ်လေးငုံစသည့်သီချင်းများဖြစ်သည်။ 

မေရှင်သည် အကယ်ဒမီဆုမရခဲ့သော်ငြား အကယ်ဒမီဆုရသည်ထက် သာလွန်ကောင်းမွန်သည်မှာ အထူးပြောရန်မလိုပါ။ 

ဒေါ်မေရှင်၏အနုပညာကိုချီးမြှင့်သည့်အနေဖြင့် နိုင်ငံတော်က ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ထိုဘွဲ့အား မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား လှူဒါန်းခဲ့သည်မှာ လေးစားဖွယ်ဖြစ်သည်။

အနုပညာဝါသနာထုံခဲ့သော မင်းသမီးကြီး ဒေါ်မေရှင်ကား သူမချစ်သော အနုပညာနှင့် ပရိသတ်များကို ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ အသက် ၉၃နှစ်အရွယ်တွင် သူမဇာတိဖြစ်သော မန္တလေးမှာပင် အပြီးတိုင်နှုတ်ဆက်ခေါင်းချသွားခဲ့ပါသည်။ 

ဒေါ်မေရှင်ကွယ်လွန်သည်မှာ ၁၃ နှစ်မျှရှိပြီဖြစ်သော်လည်း သူမကိုချစ်သော ပရိသတ်များက ယနေ့တိုင်အမှတ်ရနေဆဲဖြစ်သည်။ 

အနုပညာပါရမီရှင် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်ကို လေးညွတ်ဦးခိုက်ရင်း ဤစာအား အဆုံးသတ်လိုက်ပါသည်။

#CRDKoPaingZinOo
#နော်ဂဲလယ်ထူး (စာပေပရဟိတ

Comments

Popular posts from this blog

ချစ်စရာကောင်းသော စုတ်ဖွားခွေးကလေးများအား ရေချိုးပေးလိုက်မိသောအခါ

2018ခုနှစ်တွင် Tencent မှ Moonton အားတရားစွဲဆို